ထပ်မံ ချထားပေးလျက် ရှိသည့် ကျပ် နှစ်သိန်းတန် GSM ဖုန်းများနှင့် ကျပ် နှစ်သိန်းငါးသောင်းတန် WCDMA ဖုန်း နံပါတ် အတွဲ များကို မြန်မာ့ ဆက်သွယ်ရေး က တရားဝင် လေလံ စနစ်ဖြင့် ရန်ကုန်မြို့တော် နှင့် မန္တလေး မြို့တော် များတွင် ရောင်းချ သွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လေလံ စနစ်ဖြင့် ရောင်

းချ ရာတွင် ကြမ်းခင်းဈေး အဖြစ် မူလဈေးနှုန်း အတိုင်း ကျပ် နှစ်သိန်းနှင့် ကျပ်နှစ်သိန်းငါးသောင်း အသီးသီး သတ်မှတ်မည် ဖြစ်ပြီး အများဆုံး ဈေးပေးနိုင်သူ ကို ရွေးချယ် ရောင်းချ သွားမည် ဖြစ်ကာ ရန်ကုန်နှင့် မန္တလေး အတွက် တစ်မြို့လျှင် အလုံးရေ ၆ဝ ခန့်ကို နိုဝင်ဘာလ အတွင်း ရောင်းချ ပေးမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

ယခင်က ပုံမှန် ဈေးနှုန်းဖြင့် ရောင်းချရာတွင် နံပါတ် အလှများကို ဆက်သွယ်ရေး နှင့် လက်လှမ်းမီသူ များက အဆင် ပြေသလို ရယူပြီး ပြင်ပတွင် ကျပ် သိန်းဆယ်ဂဏန်း အထိ ဈေးတင် ရောင်းချသဖြင့် ပွင့်လင်း မြင်သာမှု မရှိဘဲ နိုင်ငံတော် ဘဏ္ဍာငွေ လည်း ဆုံးရှုံး သဖြင့် ယခုအကြိမ် မှစပြီး လူကြိုက် များသည့် ဖုန်းနံပါတ် ဂဏန်းအတွဲ များကို လစဉ် တစ်လ တစ်ကြိမ် လေလံစနစ် ဖြင့်သာ ရောင်းချ သွားမည် ဖြစ်ကြောင်း ၎င်း၏ အဆိုအရ သိရသည်။

Copy From The Voice Weekly
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free