ထိုင်းနိုင်ငံ၌ ပြုလုပ်မည့် Cobra Gold ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင်မြန်မာနိုင်ငံက လေ့လာသူအဖြစ် ပါဝင်မည်
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံ၌ ပြုလုပ်မည့် Cobra Gold ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် မြန်မာနိုင်ငံက လေ့လာသူအဖြစ် ပါဝင်လာတော့မည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီးဌာနမှသတင်းရင်းမြစ်တစ်ခုကယနေ့ထုတ်ဖော်ပြောဆိုခဲ့သည်။
အမေရိကန်သမ္မတ ဘားရက်အိုဘားမား ဒုတိယသမ္မတသက်တမ်းအတွက်ရွေးကောက်တင်မြောက်ခံရပြီး နောက် ယခုကဲ့သို့ပူးတွဲစစ်ရေးလေ့ကျင့်
မှုတွင် မြန်မာအား ဖိတ်ခေါ်ရန် ဆုံးဖြတ်အတည်ပြုခဲ့ကြခြင်း ဖြစ်သည်။အထက်ပါ သတင်းရင်းမြစ်၏အဆိုအရ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအားပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်လာစေရေးအတွက်တိုက်တွန်းမှုများ
ပြုလုပ်ခဲ့သည်ဟု သိရသည်။အမေရိကန်နှင့် ထိုင်းအပါအ၀င် အာရှနိုင်ငံများအပြား ပါဝင်မည့် Cobra Goldပူးတွဲစစ်ရေးလေ့ကျင့်မှုအား ဖေဖော်ဝါရီလ ၁၂ ရက်နှင့် ၁၃ ရက်တို့
တွင် ပြုလုပ်သွားမည်ဖြစ်ပြီးမြန်မာနိုင်ငံမှ စောင့်ကြည့်လေ့လာသူများက လူသားချင်းစာနာထောက်ထားမှု အကူအညီများ၊ဘေးအန္တရာယ်အား
တုန့်ပြန်မှုနှင့် စစ်ဘက်ဆေးပညာနှင့်ဆိုင်သော ကဏ္ဍတို့တွင် ပါဝင်မည်ဟု သိရသည်။Cobra Gold ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည့် နိုင်ငံများအားအဆင့်အတန်းနှစ်မျိုးခွဲခြားထားရာ ပထမအမျိုးအစားတွင် စင်္ကာပူ၊ ဂျပန်၊တောင်ကိုရီးယား၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့ပါဝင်သော နိုင်ငံစုံစီမံကိန်း အသင်းကြီးပါဝင်ပြီးမြန်မာနိုင်ငံက ဒုတိယအမျိုးအစားဖြစ်သည်။
မဟာမိတ်စောင့်ကြည့်လေ့လာရေးအသင်းအဆင့်တွင် ပါရှိနေသည်။ထို့အတူ ဘရူနိုင်း၊ တရုတ်၊ နယ်သာလန်၊ လာအို၊ နယူးဇီလန်၊ ရုရှား၊တောင်အာဖရိက၊ သိရိလင်္ကာနှင့် ယူအေအီးတို့လည်း ဒုတိယအမျိုးအစားတွင် ပါဝင်လာမည်။
MON မှ ဟူသော ယခုသတင်းကို Myanmar Express မှ ကူးယူသည်။
Tags:
ဗဟုသုတ












Leave a comment