အမေရိကန်သမ္မတအိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်

မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်နှင့် အမေရိကန်သမ္မတအိုဘားမားတို့နှစ်ဦးအား အတူတွေ့ရှိရစဉ်


ဟီလာရီကရင်တန်နှင့် ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ်
အမေရိကန်သမ္မတများထဲတွင် မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်လည်ပတ်သော သမ္မတဖြစ်ခွင့်ရသည့်အတွက် ဂုဏ်ယူမိကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲရေးများကို အမေရိကန်အနေဖြင့် တတ်နိုင်သမျှ ရှေ့ဆက်တိုးတက်အောင် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ မိမိအပါအ၀င်တစ်ကမ္ဘာလုံးရှိ လူများကိုပါ လွတ်လပ်မှု၊ ဂုဏ်သိက္ခာ၊ ကြွယ်ဝမှုတို့နှင့် ထိုက်တန်သော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးစံနှုန်းများ မြှင့်တင်ပေးခဲ့သော ဒေါ်အောင်ဆန်းစုကြည်အားလည်း ကျေးဇူးတင်ကြောင်း အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အိုဘားမားကပြောကြားခဲ့သည်။

သမ္မတအိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံနေချိန်တွင် ခြံအပြင်မှ ကြိုဆိုသူများက သမ္မတအိုဘားမား ကျန်းမာပါစေ၊ ဒေါ်အောင်ဆန်းစုကြည်
ကျန်းမာပါစေဟု ကြွေးကြော်နေကြသည်။

တက္ကသိုလ
်ရိပ်သာလမ်းတစ်လျှောက်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝင်းရှေ့တွင် အမေရိကန်သမ္မတအိုဘားမားကို ကြိုဆိုကြသူများက
အမေရိကန်အလံအင်္ကျီများ၊ သမ္မတအိုဘားမားပုံ အင်္ကျီများ ၀တ်ဆင်၍ အမေရိကန်အလံများကိုဝှေ့ရမ်း၍ ကြိုဆိုခဲ့ကြကြောင်း 7Day News
သတင်းထောက်က သတင်းပေးပို့သည်

တက္ကသိုလ်ရိပ်သာလမ်းတစ်လျှောက်တွင် နေထိုင်သူများ၊ ကုမ္ပဏီဝန်ထမ်းများက လမ်းဘေးဝဲယာတစ်လျှောက် နေအိမ်ရှေ့များတွင် ထိုင်ခုံများနှင့်
နေရာယူကာ စောင့်ဆိုင်းနေကြသည်။


အမေရိကန် သမ္မတ အိုဘားမားက သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သော စကားများမှ ကောက်နှုတ်ချက်အချို့ (မှတ်ချက်- အိုဘားမား၏ ပြောကြားမှုကို စကားပြန်မှ တစ်ဆင့်ဘာသာပြန်ပေးပြီး၊ ၄င်း၏ ဘာသာပြန်ချက်အတိုင်း ဖြစ်ပါသည်)

"နိုင်ငံတော်သမ္မတကြီး(သမ္မတဦးသိန်းစိန်)ကနေ ဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေးအရ တိုးတက်အောင်ဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေ ပြုပြင်ပြောင်းလဲမှုတွေ၊ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတွေက တကယ်ပဲ ဒီနိုင်ငံကို တ
ိုးတက်ရာ တိုးတက်ကြောင်းတွေ ဖြစ်စေမယ့် အကြောင်းရှိပါတယ်။

ကျွန်တော်တို့ နှစ်ယောက်ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ တိုးတက်မှုတွေလုပ်တာက တကယ်ပဲ ဒေသတွင်း တိုးတက်မှုတွေ၊ ဒီနိုင်ငံတင်မက ဒေသတွင်း တိုးတက်မှုတွေရော၊ တစ်ကမ္ဘာလုံး တိုးတက်မှုတွေအတွက်ပါ အကျိုးပြုပါလိမ့်မယ်။

ရှေ့ဆက်မယ့်ခရီးရှည်အတွက် ဒါဟာ ခြေလှမ်းတစ်ရပ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။

နောက်တစ်ခုက သမ္မတကြီးတို့အနေနဲ့ ဆုပ်ဆုပ်ပိုင်ပိုင် လုပ်ခဲ့တဲ့ကိစ္စတစ်ခုကတော့ လူအများကို သေကြေပျက်စီးစေနိုင်တဲ့ လက်နက်ကြီးတွေကို
မပျံ့ပွားအောင်လုပ်တဲ့ကိစ္စမှာ ဒါတွေက အရေးကြီးပါတယ်။ အဲဒါတွေကိုလည်း လုပ်နိုင်တဲ့အတွက်ကြောင့် ကောင်းပါတယ်။

သမ္မတကြီးအခုလို ကြိုဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီတစ်ခေါက်တင်မကဘဲ နောက်လည်းလာနိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။"



Copy From 7day News
 

These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free